မာနနဲ့သံသယကြား
အလျှားလိုက်ပြေးလွှား
ဝမ်းနည်းခြင်းတွေပွေ့ဖက်
ပေါက်ကွဲခွင့်မရလိုက်တဲ့
ရင်ဘတ်ထဲက ချိန်ကိုက်ဗုံး
အခုတော့ တငွေ့ငွေ့လောင်။
ခွဲခွါခြင်းရဲ့အစဟာ
တွေ့ဆုံးခြင်းတဲ့
မတွေ့ဆုံရဘဲ ခွဲခွါကြရတဲ့
မင်းနဲ့ငါ
ဘယ်မှာအစပြုခဲ့ပြီး
ဘယ်မှာအဆုံးသတ်ကြမှာလဲ
အနီးဆုံးဆိုတာမရှိခဲ့ပဲ
အဝေးဆုံးဆိုတာမွေးဖွား
ငိုကြွေးခြင်းနဲ့တခန်းရပ်
ဇာတ်ညွှန်းရေးခဲ့တာ နှလုံးသား
အခုတော့….
ဇာတ်က နာပြီးရင်းနာ။ ။

0 comments:
Post a Comment