.

အားလုံးသတ္တ၀ါ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ....

Saturday, March 10, 2012

သံသယများနဲ့နေသားတကျ



ဒီလောက်ကျယ်လွန်းတဲ့ ကောင်းကင်ကြီးအောက်မှာ

ငါ့စိတ်တွေဘာကြောင့် ကျဉ်းကြပ်နေတာလဲ

နားလည်မှုလမ်းကို စုံမှိတ်ထားတဲ့မျက်လုံး

မြင်သမျှဟာမှောင်မဲလို့

ယုတ်မာတဲ့အတ္တကောင်က

ငါ့ကိုအမြဲမောင်းနှင်နေ

တစ်နှစ်တခါပေါ်တဲ့အသိတရားက

အပေါက်တွေဖာလိုပေါ့့

ပျက်အစဉ် ပြင်ခဏမဟုတ်ဘူး

ထာဝရပျက်တဲ့ငါ့ရဲ့အမြင်

အပြစ်မြင်မှုတွေထဲနေသားကျ

အဆုံးမရှိတဲ့ဝင်္ကဘာထဲ

ငါ့ခြေထောက်ကိုပဲ ခဏခဏငုံ့ကြည့်နေခဲ့ ။ ။

0 comments:

Post a Comment