သူငယ်ချင်းဖိတ်ခေါ်လို့ မလေးကိုအလည်ရောက်ခဲ့ပါတယ်၊ သူငယ်ချင်းကဧည့်ဝတ်ကျေစွာနဲ့ အစစ အရာရာ လုပ်ပေးပါတယ်။ သူငယ်ချင်းတွေနဲ့ဆိုတော့ ပျော်စရာတော့အကောင်းသားလားဗျာ စကားစမြည်ပြောပြီး အနာယူခဲ့ကြပါတယ်။ ခရီးပန်းလို့လားမသိဘူး ခဏနေရင်ပဲ အိပ်ပျော်သွားခဲ့ပါတယ်၊ မနက်(၁၀) နာရီလောက်မှပဲ အိပ်ရာက နိုးလာခဲ့တယ်လေ ရေမိုးချိုးပြီး လုပ်စရာမရှိတာနဲ့ ဘေးမှာရှိတဲ့ စာစောင်ထိုင်ဖတ် နေခဲ့ပါတယ် ခဏနေတော့ သူငယ်ချင်းက နေ့လည်စာစားဖို့လာခေါ်တယ်လေ သူငယ်ချင်းတွေ မတွေ့တာ ကြာတော့လည်း နေ့လည်စာစားရင်း စကားတွေပြောဖြစ်နေခဲ့တယ်၊ မိမိလည်း မိမိကြားဖူးထားတာတွေ သူငယ်ချင်းကို မေးနေမိတာ၊ အမှန်ပင် ဒီမလေးမှာရှိတဲ့သူတွေက စိတ်မချရဘူးလား တစ်ယောက်ထဲကားငှားစီးရင် သွားရင် လုတယ်ဆိုတာဟုတ်လားဘာညာမေးနေမိပါတယ် သူငယ်ချင်းကလည်း ဟုတ်တယ်ဆိုတဲ့အကြောင်းတွေပြောပြပါတယ်။စားပြီးလို့ခဏနား(၁၂) လောက်ကြတော့ လျှောက်လည်ဖို့လာခေါ်ပါတော့တယ် ကားသမားကိုလည်း စိတ်ချရအောင် မြန်မာလူမျိုးကို ငှားပေးလိုက်တယ် ကိုယ်လူမျိုးအချင်းချင်း စိတ်ချရပြီပေါ့ ဒီလိုနဲ့ လျှောက်လည်ကြတယ်ဗျာ မရောက်ဖူးတဲ့နေရာဆိုတော့လည်း ရောက်တဲ့နေရာတိုင်းက အထူးအ ဆန်းတွေပဲဆိုတာတော့အမှန်ပဲလေ ဓါတ်ပုံတွေလည်းရိုက်လိုက် တာမနည်းဘူး ဒီကြားထဲ မိုးကရွာလိုက်လို့ပြေးလိုက်ရသေးတယ်လေ ဒီလိုနဲ့ လည်ပြီးလို့ မိမိတို့နေရာ ပြန်ရောက်လို့ ကားသမားကို ကားခရှင်းပေးတော့ ငါးယောက်ကို (Ringgit) 300 ပေးရတယ်လေ ကားသမားကိုလည်း တစ်ချို့နေရာတွေမှာ ရှင်းပြလို့ကျေးဇူးတွေတင်နေမိတာအမှန်ပင်။ နောက်နေ့ သူငယ်ချင်းက ပီနန်းကိုသွားဖို့ ဒီကားသမားလေးကိုပဲခေါ် ပေးပါတယ် ကားသမားက ပီနန်းသွားမယ့် ကားဂိတ်အထိလိုက်ပို့ပေးတယ်လေ သိပ်မကြာလိုက်ပါ ကားဂိတ်ရောက်တော့ ခဏနား ပြီးတော့ ကားပေါ်မတက်ခင် ကားခပေးဖို့ပြောတော့ ကားဆရာက ဘာပြောတယ်မှတ်လဲဗျာ မရှိရင် မပေးပါနဲ့တဲ့ ဘယ်လိုသဘောမျိုးနဲ့ပြောတယ်ဆိုတာတော့ မိမိနားမလည်ရိုးအမှန်ပင် ရင်ထဲမှာတော့အောင့် သက်သက်နိုင်တာတော့အမှန်ပင် သွားတဲ့ခရီးက သိပ်မဝေးပါ ဒါပေမယ့် တောင်တဲ့ဈေးက KL ပီနန်းသွားတဲ့ ဈေးထက်ကြီးနေတာတော့အမှန်ပင် KL နဲ့ပီနန်းကားခက (၃၅)ကျပ် ကားငှားခက (၅၀)ဆိုတော့ နည်းနည်းစဉ်စားမိလာတယ်။ ဘာမှတော့မပြောဖြစ်ခဲ့ပါ ကားပေါ်မှာသူငယ်ချင်းတစ်စု ကားပေါ်မှာစကားပြောရင်း မနက်မိုးလင်းတော့ ပီနန်းကိုရောက်ခဲ့ပါတယ်၊ တက္ကစီကားသမားကို သူငယ်ချင်းက ဖုန်းဆက်ထားလို့ လာကြို ပါတယ်၊ တည်းမည်နေရာနဲ့ ကားဂိတ်က မဝေးလှပါ ဒါပေမယ့် တောင်လိုက်သည်က (Ringgit) 50 မိမိက ဘေးကသူငယ်ချင်းကို မများဘူးလားလို့မေးတော့ သူ့အိမ်ကလာတာနဲ့ဆိုမများပါဘူးတဲ့ ဒါနဲ့မိမိလည်းအသာ ငြိမ်နေလိုက်တော့တယ်။
နောက်နေ့( LANGKAWI) လည်ဖို့ မနေ့ကလာကြိုတဲ့ကားသမားပဲခေါ်ကြမယ်ဆိုပြီး ခေါ်လိုက်ပါတယ် တစ်ခေါက်ထဲနဲ့သွားရင်ပြီးတဲ့နေရာကို မိမိတို့ကို နှစ်ခေါက်ဆွဲပြီး နှစ်ဆမက တောင်းလိုက်ပါတော့တယ်၊ ပြီးတော့ ပြောလိုက်သေးတယ် LANGKAWIက ကားသမားတွေက ရိုက်စား လုပ်တယ်တဲ့ လက်တွေ့ကတော့ သူကအရင်ရိုက်စားလုပ်လိုက်တာအမှန်ပဲ ကိုရွှေမြန်မာတို့ကတော့ လုပ်ချလိုက်ပြန်ပြီလို့စိတ်ထဲမှာ မှတ်လိုက်ပါတယ် များနေမှန်း သိပေမယ့် မတတ်နိုင်ဘူးလေ ပေးလိုက်ရ တယ်ပေါ့၊ ဒီလိုနဲ့ မိမိတို့အဖွဲ့ (LANGKAWI) ကပြန်လာတော့ မြန်မာတက္ကစီမငှားဘဲ မလေးနိုင်ငံသားကို ငှားလိုက်တော့(၁၅)ကျပ်ပဲပေး ရတယ်၊ မိမိတို့အသွားတုန်းက (၄၀) ပေးခဲ့ရ သည်ကိုပြန်သတိရမိတယ်၊ ဘယ်လိုကြောင့်ကွာနေသလဲပေါ့ “ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး” ကိန်းဆိုက်နေ တာတော့အမှန်ပင်၊ မိမိတို့လူမျိုးငှားရင်ပိုဆိုးတယ်ဆိုတာအခုမှ သိလာခဲ့တယ်၊ သူတို့က အခန့်မသင့်ရင် ငေါက်ငန်းပစ်တတ်သေး တယ်၊ မြန်မာလူမျိုးတက္ကစီသမားတိုင်းတော့မဟုတ်ပါ တစ်ချို့ဆို အကူညီပေးရုံမက ကားခကိုလည်း ကျသလောက်ပဲတောင်းတယ်၊ သူတို့လို့ လူမျိုးတွေ့တော့လည်း စိတ်ထဲမှာ ၀မ်းသာမဆုံးဖြစ်မိတာတော့အမှန်ပင် စိတ်ထဲကလည်း ဒါမှရွှေမြန်မာကွလို့ ရေရွတ်နေမိတယ်။ တစ်ခြား နိုင်ငံသား လူမျိုးခြားတွေကတော့ ကိုယ်လူမျိုးကိုယ်နိုငံသားဆိုရင် ကူညီရိုင်းပင်ကြတယ်၊ မိမိတို့ နိုင်ငံသားတွေကတော့ ကိုယ့်နိုင်ငံသား အချင်းချင်းဘယ်လိုညစ်ရမလဲ စိတ်ကူးနေသလားမသိ လူတိုင်းတော့ မဟုတ်ပါ။ အသိတစ်ယောက်က ပြောပြတာက မိမိတို့ခံလိုက်ရတာထက်ဆိုးနေတယ်၊ မလေးမှာ အလုပ်လာလုပ် တဲ့ကောင်းလေးတစ်ယောက်က သူ့(passport) သက်တမ်းကုန်နေလို့ သက်တမ်းမတိုးတက်လို့ ပွဲစားကိုအပ်လိုက်တာ တစ်ထောင်ကျော်ကျတယ်တဲ့ဗျာ မများလွန်းဘူးလား သူတို့က မရှိလို့မှ သူများနိုင်ငံလာပြီ လုပ်စားနေပါတယ်ဆိုမှ ကိုရွှေမြန်မာပွဲစားက တွယ်လွတ်လိုက်တယ်လေ၊ လုပ်ရက်လိုက်လေဗျာ ကူညီရမယ့် အစားခေါင်းပုံဖြတ်လွတ်လိုက်တယ်လေ။
နောက်တစ်ခုက အပေါ်မှာပြောခဲ့တဲ့ ကားသမားတွေနဲ့ သွားရင်းလာရင်း စကားပြောမိတော့ မိမိတို့နိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းထဲရောက်နေပြီ ပြောင်းလဲသင့်သလောက် ပြောင်းလွဲနေ ပြီးဆိုတဲ့အကြောင်းပြောတော့ ကားသမားနှစ်ယောက်လုံးပြောသည့်စကားက တူညီနေတယ်၊ ဒီမိုကရေစီနိုင်ငံဖြစ်တောင်မှ ငါတို့နိုင်ငံက လူတွေရဲ့စိတ်တွေကို ပြင်ယူရအုံးမယ်တဲ့ တော်တော်တော့ ခက်တဲ့လူတွေဗျာ ဘာလို့လည်းဆိုတော့သူ တို့ကိုယ်တိုင် မိမိတို့လူမျိုး အပေါ်ဂုတ်သွေးစုတ်နေတဲ့ စိတ်ဓါတ်တွေတော့အရင်ပြင်မယ်မရှိဘူး၊သူများတွေကိုပြင်ရမယ်တဲ့ခက်ဘူးလား နောက်ရှိသေးတယ်ဗျာ ဒေါင်းယောင်ဆောင်တဲ့ကျီးတွေ မြန်မာနိုင်ငံ(passport) ကိုကိုင်ပြီ သူတို့ကိုသူတို့ ထိုင်၊ တရုတ်၊ မလေးနိုင်ငံသား စသည်ပြောကြသေးတယ် မြန်မာလို့ပြောရင်ဘယ်နိုင် ငံကမှ မြန်မာနိုင်ငံသားဆိုပြီး နှိမ်မယ့်သူတစ်ယောက်မှမရှိဘူးထင်မိပါတယ်၊ ဘာမှအားငယ်စရာ မရှိပါဘူးဗျာ မြန်မာနိုင်ငံသား ဖြစ်ရဲ့သားနဲ့ တစ်ခြားနိုင်ငံသားလို့ပြောမှသာလျှင် ရှက်စရာကောင်းနေတာတော့ သူတို့မသိလေရောသလား? တကယ်တမ်းမျက်နှာငယ်ရ အနှိမ်ခံရအောင် လုပ်နေတာက ကိုရွှေမြန်မာတွေကိုယ်တိုင်ပါပဲ သူများတိုင်းပြည်မှာ လာရောက်လုပ်ကိုင်စားရတဲ့အချင်းချင်း လည်သူစားပုံစံမျိုး လုပ်နေတာတော့ ရှက်မယ်ဆိုရင် တကယ်ရှက်စရာပါ ကိုယ့်လူမျိုးအချင်းချင်းမှ မညီမညွတ်နဲ့ အဲဒိလို နိုင်သူစား လုပ်နေမှတော့ သူများနိုင်ငံသားတွေက အနိုင်ကျင့်ခံရတာ အနှိမ်ခံရတာ မဆန်းပါဘူးကိုရွှေမြန်မာတို့ရယ်။ ကိုယ့်လူမျိုး အချင်းချင်း လှည့်ပတ်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ………..။
0 comments:
Post a Comment