လေနေတဲ့စိတ်တချို့နဲ့
အတောင်ဖြန့်နေတဲ့အတွေးများ
ဘာကြောင့်
ငါ့ကံကြမ္မာကိုဝင်တိုက်ရတာလဲ
ရင့်ရော်မှုတွေနဲ့
မရင့်ကျက်သေးတဲ့ ငါ့စိတ်
လမ်းရှိလျက်နဲ့
မလျှောက်ချင်တဲ့ ငါ့ခြေထောက်
မှားမှန်းသိလျက်
ပြန်မဆုတ်ချင်တဲ့ ငါ့ခြေထောက်
ခဏခဏထပြီး
ခဏခဏကျရှုံးသွားတဲ့ နောင်တ
အခုထိ
ပုံဖော်လို့မရတဲ့ ငါ့ပန်းတိုင်
ငါ့ နေ၀င်ချိန်က ဘာလဲ...............?
0 comments:
Post a Comment