လူသားတွေဟာ သူတို့ရဲ့ အာသာဆန္ဒတွေနဲ့ ပျော်ရွှင်မှုအတွက် အခြားသတ်ရှိသတ္တ၀ါတွေထက် ပိုပြီး တစ်ကိုယ်ကောင်းဆန်ကြတယ်။ အခြားသူတွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းမစဉ်းစားဘဲ လောကီအာရုံ ကာမဂုဏ်တွေကို လက်ခံပျော်ရွှင်နေကြတယ်။ လောကီလူသားတွေဟာ အပျော်အာရုံတွကို များ များတွေ့ကြုံခံစားဖို့ အသက်ရှည်ရှည်နေချင်ကြတယ်။ သူတို့ဟာ ပိုင်ဆိုင်မှုတွေအပေါ်မှာ တောင့်တ မက်မောမှုတွေ တိုးပွားလာပြီး စည်းစိမ်ဥစ္စာတွေပိုပြီး စုဆောင်းကာ သေရမှာကို ကြောက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စည်းစိမ်တွေကို မထားခဲ့ချင်လို့ပါ။ အခြားသတ်ရှိသတ္တ၀ါတွေဟာ သူတို့စုဆောင်းမှုနဲ့ ဆုပ်ကိုင်ထားမှုတွေအပေါ်မူတည်ပြီး လူသားတွေလို တစ်ကိုယ်ကောင်းဆန်တဲ့ ယူဆမှုတွေမရှိကြဘူး။ သူတို့ဟာ အခြားသူတွေကို ဇွတ်တရွတ်နိုင်တဲ့မရိုးသားမှုတွေ မရှိဘဲ သူတို့ရဲ့လွတ်မြောက်မှုအတွက်ပဲ သူတို့ရဲ့ အာရုံငါးပါးကို အသုံးပြုပြီး သဘာဝကျတဲ့ဘ၀ကို ဦးတည်နေကြတယ်။ အဲဒါက လူသားတွေပဲ သူတို့စားသောက်နိုင်ထက် ပိုပြီးစုဆောင်းကြတယ် ဆိုတာကို ဖေါ်ပြနေခြင်းဖြစ်တယ်။ အခြားတိရစ္ဆာန်တွေကတော့ သူတို့လိုသလောက်ကိုပဲ ယူကြတယ် သူတို့မလို တဲ့အရာတွေကို အခြားသူတွေအတွက် ချန်ထားတယ်။
ကြွယ်ဝချမ်းသားမှုဟာ ပင်လယ်ရေလိုပါ ငါတို့ များများသောက်လေ ပိုပြီးရေငတ်လေလေပဲ ဒါဟာ ထင်ရှားတဲ့အမှန်တရား တူညီမှုပါ။
you and your problem စာအုပ်မှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
ကြွယ်ဝချမ်းသားမှုဟာ ပင်လယ်ရေလိုပါ ငါတို့ များများသောက်လေ ပိုပြီးရေငတ်လေလေပဲ ဒါဟာ ထင်ရှားတဲ့အမှန်တရား တူညီမှုပါ။
you and your problem စာအုပ်မှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
0 comments:
Post a Comment